ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နမ္မတူမြို့နယ်တွင် ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
*********************************************************
ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေလျာထားချက်ဖြင့် နမ္မတူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် အများသုံးရေ ကန်၊ လမ်း၊ ရေမြောင်းကူးတံတားနှင့် လမ်းဘေးဝဲယာ ရေမြောင်းများ တည်ဆောက်မည့် ပြည်သူ့အကျိုးပြုလုပ်ငန်း နေရာများအား ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဦးမှ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များနှင့် အတူ အောက်တိုဘာလ (၂၁)ရက်နေ့ က ကွင်းဆင်း စစ်ဆေး ကြည့်ရှုခဲ့သည်။
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်မှ အဆိုပါခွင့်ပြုရန်ပုံငွေ တင်ပြထားသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းနေရာများကို လိုက်လံကြည့်ရှုစစ်ဆေးရာတွင် သက်ဆိုင်ရာ နယ်မြေမှူးများနှင့် အထောက် အကူပြုကော်မတီဝင်များမှ လုပ်ငန်းဆိုင်ရာများကို အပိုင်းအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်မှ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ လျာထားခွင့်ပြုချက် ရရှိပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အချိန်မှီပြီးစီးရေး၊ သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်ဝစွာ ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ လေလွင့်ဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ၀ိုင်းဝန်း ဆောင်ရွက်ကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိရသည်။
အောင်ကြီး(နမ္မတူ)
No comments:
Post a Comment