Wednesday, October 1, 2014

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်လုံးချမ်းသာ မြို့ဦီးစေတီ တွင် သန့်ရှင်းရေးဆောင်ရွက်
*****************************************************************
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပြည်ကြီးချမ်းသာ မြို့ဦးစေတီတော် မြတ်ကြီး၏ ပရိဝုဏ်အတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းကို စက်တင်ဘာလ ၂၈ ရက် နံနက် ၈ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးခင်မောင်ဇော်နှင့် မြို့နယ်ကော်မတီဝင်များ၊ ပါတီစည်းရုံးရေးမှူး၊ အမှုဆောင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ (ဒဂုံမြောက်) ရဲမှူးလှသန်း၊ ဒုရဲမှူးဇော်မင်းနှင့် အကြပ်တပ်သားများ စုစုပေါင်း အင်အား ၁၃၀ တို့ ဆောင်ရွက် ခဲ့ကြသည်။
ပြည်လုံးချမ်းသာ မြို့ဦးစေတီတွင် သန့်ရှင်းရေး ဆောင်ရွက်ကြစဉ်

အဆိုပါ သန့်ရှင်းဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်နှင့် အမှတ်(၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းတို့ တက်ရောက် အားပေးခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top