ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆင်းရဲနွမ်းပါးကျောင်းသား များကို ဗလာစာအုပ်များ လှူဒါန်း
*************************************************************
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဆင်းရဲနွမ်းပါး ချို့တဲ့ကြသော ကျောင်းသူကျောင်းသားများအား ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်းပွဲကို ယခု ၂၈ ရက် မွန်းတည့် ၁၂ နာရီက (၅၀)ရပ်ကွက် သာသနာ့ရောင်ခြည် ဓမ္မာရုံကြီး၌ ကျင်းပခဲ့သည်။
ဆင်းရဲနွမ်းပါးကျောင်းသားများကို ဗလာစာအုပ်များ လှူဒါန်းစဉ်
အဆိုပါအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းစိုးနှင့် (၅၀)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်အေး၊ ရပ်ကွက် ဖွံ့ဖြိုးရေး အထောက်အကူပြု ဥက္ကဋ္ဌ ဦးကြည်အောင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ စည်းရုံးရေးမှူး ဦးမောင်ထွေးနှင့် ပါတီ အမှုဆောင်များ၊ ကျောင်းသူ ကျောင်းသားများနှင့် ကျောင်းသားမိဘများ၊ စုစုပေါင်း အင်အား ၈၀ ကျော် တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူးက အမှတ် (၅၀) ရပ်ကွက် အမက(၅)မှ ချို့တဲ့ ကျောင်းသူကျောင်းသားများကို ဗလာစာအုပ်များ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
No comments:
Post a Comment