ပြည်ခိုင်ဖြိုးပါတီဌာနချုပ်နှင့် Global Treasure Bank တို့ပူးပေါင်း ၍ သင်တန်းဖွင့်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်နှင့် Global Treasure Bank တို့ပူးပေါင်း၍ ဖွင့်လှစ် သော Business Administration Efficiency Course No (1) သင်တန်းဖွင့်ပွဲ အခမ်းအနားကို သြဂုတ် (၁၇) ရက် ညနေ (၅) နာရီ အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်း ကျောင်းရှိ ပြည်ထောင်စုခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း၊ စီမံရေးရာ ဌာနကြီးမှူး ဦးအောင်နိုင်ထွန်းနှင့် ဌာနမှူးများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ ကမ္ဘာ့ ရတနာဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့် သင်တန်းနည်းပြများ၊ တိုင်းနှင့် ပြည်နယ် အသီးသီးမှ သင်တန်းသား/သူ ပါတီကော်မတီဝင် (၂၅) ဦး၊ ကမ္ဘာ့ရတနာဘဏ် မှ သင်တန်းသား/သူ အရာထမ်း (၃၅) ဦး စုစုပေါင်း သင်တန်းသား/သူ (၆၀) ဦးတို့ တက်ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် " ယခုလို ကမ္ဘာ့ရတနာဘဏ်နှင့် ပြည်ခိုင်ဖြိုးပါတီတို့ ပူးပေါင်းဖွင့်လှစ်ရခြင်းမှာ နှစ်ဦး နှစ်ဘက် အပြန်အလှန် နားလည်မှုရှိရှိဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်နှင့် ယနေ့ကမ္ဘာကြီးဟာ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ စီးပွားရေးကဏ္ဍမှာလည်း အပြိုင်အဆိုင် လုပ်ကိုင်ဆောင်ရွက်လာတာနှင့်အမျှ ငွေရေးကြေးရေးကဏ္ဍ မှလည်း တတ်ကျွမ်းနားလည်အောင် သင်ကြားပို့ချပေးမည့် သင်တန်းဖြစ် သောကြောင့် ယခုသင်တန်းကို ကမ္ဘာ့ရတနာဘဏ်မှ သင်တန်းသား/သူ အရာထမ်းများနှင့် ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းသား/သူများတို့မှလည်း အကျိုးရှိရှိ လိုက်နာ သင်ကြားကြဖို့ လိုအပ်ပါကြောင်း စသည်တို့ကိုပြောကြား ပြီးနောက် သင်တန်းသား/သးများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်စကား ပြောကြားပါသည်။
အဆိုပါသင်တန်းကို ရက်သတ္တပတ် (၄) ပတ်ကြာ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment