၂၀၁၃ ခုနှစ် အကယ်ဒမီပေးပွဲအတွက် ဆန်ကာတင် ၆ ကားအနက် ၅ ကားကို ရုပ်ရှင်အစည်းအရုံး စိစစ်ကြည့်ရှုပြီးစီး
၂၀၁၃ ခုနှစ် အကယ်ဒမီထူးချွန် ဆုပေးပွဲအတွက် ဆန်ကာတင် ၆ ကားအနက် ၅ ကားကို အကယ်ဒမီ ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့အနေနဲ့ ပထမတစ်ကြိမ် ကြည့်ရှုစစ်ဆေး ပြီး “နင်စေရင်” ရုပ်ရှင်ဇာတ်ကားကိုတော့
စိစစ်ကြည့်မှု မပြုရသေးဘူးလို့ သိရပါတယ်။ ဆန်ကာတင် အကယ်ဒမီစာရင်းဝင် ၆
ကားကတော့ နင်စေရင်၊ ကြယ်စင်မော်ကွန်း၊ အဖြူရောင်ရဲတိုက်၊
ကိုယ့်အထာနဲ့ကိုယ်၊ စေတန်ရဲ့ ကချေသည်၊ စုန်းပြူးတို့ပဲဖြစ်တယ်လို့
သိရပါတယ်။
အကယ်ဒမီ ထူးချွန်ဆု စိစစ်အကဲဖြတ်ရေးအဖွဲ့အနေနဲ့ ဇာတ်ကားတွေကို စိစစ်
ကြည့်ရှုရာမှာ ဖလင်နဲ့သာ ကြည့်ရှုကြတာဖြစ်ပြီး “နင်စေရင်” ရုပ်ရှင်ဇာတ်ကားဟာ
နယ်ဘက်တွေ မှာ ပြသနေသေးတာကြောင့် လက်ရှိမှာတော့ ကျန်ဆန်ကာတင် ၅ ကားကိုသာ
စိစစ်ကြည့်ရှုနေ တယ်လို့ သိရပါတယ်။ ဆန်ကာတင် ၆ ကားထဲမှာ ပါဝင်တဲ့
စုန်းပြူးဇာတ်ကားကိုတော့ ရန်ကုန်မှာ ရုံတင် မပြရသေးဘူးလို့ သိရပါတယ်။
၂၀၁၃ ခုနှစ် အကယ်ဒမီပေးပွဲအတွက် ၀ါရင့်အနုပညာရှင်၊ အတတ်ပညာရှင်တွေက
ပထမအဆင့် စိစစ်အကဲဖြတ်ရေး အဖွဲ့မှာ ၁၇ ဦးတို့နဲ့ ဒုတိယအဆင့် မှာ ၂၂
ဦးတို့က စိစစ်အကဲဖြတ် နေကြ တာဖြစ်တယ်လို့ သိရပါတယ်။ နင်စေရင်
ဇာတ်ကားကိုတော့ သြဂုတ်လ ၁၉ ရက်နေ့မှာ စတင်ကြည့်ရှု ရမှာဖြစ်ပြီး
စက်တင်ဘာလဆန်းမှာ ဇာတ်ကားအားလုံး ကို အပြီးသတ် ကြည့်ရှုသွားမှာ ဖြစ်တယ်လို့
သိရပါတယ်။
No comments:
Post a Comment