တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့မှာ လူငယ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ လူငယ်အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ၊ နန်ဂျင်းမြို့မှာ စနေနေ့ညပိုင်းက ကျင်းပခဲ့ပြီး နိုင်ငံတကာ အိုလံပစ်ကော်မတီဥက္ကဋ္ဌ သောမတ်စ်ဘက်ရှ် တက်ရောက် အားပေးခဲ့ပါတယ်။
နန်ဂျင်းအိုလံပစ် ကွင်းကြီးအတွင်းက ပရိသတ်(၆)သောင်းကျော် ရှေ့မှောက်မှာ ပြိုင်ပွဲဖွင့်လှစ်မှုကို တရုတ်သမ္မတ ဇီဂျင်ပင်း ကိုယ်တိုင် ကြေညာပေးခဲ့တာလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း (၂၀၄)နိုင်ငံက ကစားသမား (၃,၈၀၀)၀င်ပြိုင်မယ့် ဒီပြိုင်ပွဲမှာ ကစားနည်း(၂၈)မျိုး ထည့်သွင်း ကျင်းပသွားမှာဖြစ်ပြီး (၁၃)ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကုလသမဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း တက်ရောက် အားပေးခဲ့တဲ့ ဖွင့်ပွဲအခမ်းအနားကို တရုတ်ရိုးရာ အကအလှတွေနဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်ပြီး ကျင်းပခဲ့တာ ဖြစ်သလို အိုလံပစ် မီးရှူးတိုင်ကို နိုင်ငံ့ဂုဏ်ဆောင် ကစားသမားတွေက လက်ဆင့်ကမ်း သယ်ယူ ထွန်းညှိခဲ့တာလည်း ဖြစ်ပါတယ်။
No comments:
Post a Comment