လမ်းပြောင်းပြန်
မောင်းနှင်နေသည့် စည်းကမ်းပျက် ယာဉ်မောင်း များကို မော်တော်ယာဉ် နည်းဥပဒေအပြင် အခြားပုဒ်မနှစ်ခုဖြင့်
ထပ်မံ အရေးယူမည်
ရန်ကုန်တိုင်းဒေကြီးအတွင်း
ပြေးဆွဲမောင်းနှင်နေသည့် ယာဉ်များအနက်မှ လမ်းပြောင်းပြန် မောင်းနှင်နေ သည့် စည်းကမ်းပျက်
ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအပြင် အခြားဥပဒေပုဒ်မ နှစ်ခုတို့ဖြင့် ထပ်မံအရေးယူ
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ
စုံစမ်းသိရသည်။
ထို့အပြင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသော ယာဉ်များအနက်မှ မော်တော်ယာဉ် အစီးရေ
ပျမ်းမျှ ၄၀၀ ကျော်ကိုလည်း စည်းကမ်းပျက် မောင်းနှင်နေမှုများကြောင့် နေ့စဉ် အရေးယူ မှုများ
ပြုလုပ်နေရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင်
စုံစမ်းသိရသည်။
အသစ်ဖွဲ့စည်းထားသည့်
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့မှ မေ ၁ ရက်မှ စတင်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့်
မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့ပြီး မီးနီဖြတ်မောင်းခြင်း၊ လမ်းပိတ် ရပ်ခြင်း၊
လမ်းပြောင်းပြန်မောင်းခြင်း ယာဉ်လိုင်စင်မပါဘဲ မောင်းနှင်နေမှု အများဆုံး ပါဝင်နေကြောင်း
သိရသည်။
လမ်းပြောင်းပြန်
မောင်းနှင်သည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအရ အရေးယူ သွားမည့်အပြင်
စည်ပင်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အများပြည်သူလမ်းတွင် မဆင် မခြင် မောင်းနှင်မှုဖြင့်
ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး က ပြောကြား သည်။
ရန်ကုန်တိုင်းဒေသကြီး၌
စည်းကမ်းပျက်ယာဉ်များကို ထိရောက်စွာ ဖမ်းဆီးစစ်ဆေး အရေးယူနိုင်ရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့
ကိုးဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။ ထို့အပြင် ယာဉ်ကြောကျပ် တည်းသည့် နေရာများအား
အမြန်ဆုံး လမ်းကြောင်းရှင်းလင်းပေးရန်အတွက် လမ်းကြောင်းရှင်းလင်းရေး အဖွဲ့ကို အသစ်ဖွဲ့စည်းထားပြီး
လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရ ရန်ကုန် တိုင်း ဒေကြီး အတွင်း ပြေးဆွဲမောင်းနှင်နေသည့်
ယာဉ်များအနက်မှ လမ်းပြောင်းပြန် မောင်းနှင်နေသည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ်
နည်းဥပဒေအပြင် အခြားဥပဒေပုဒ်မ နှစ်ခုတို့ဖြင့် ထပ်မံအရေးယူ သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ဌာနချုပ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရသည်။
ထို့အပြင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲမောင်းနှင်နေသော ယာဉ်များအနက်မှ မော်တော်ယာဉ် အစီးရေ
ပျမ်းမျှ ၄၀၀ ကျော်ကိုလည်း စည်းကမ်းပျက် မောင်းနှင်နေမှု များကြောင့် နေ့စဉ်အရေးယူမှု များ
ပြုလုပ်နေ ရကြောင်း အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဇွန် ၁၇ ရက် နံနက်ပိုင်းတွင်
စုံစမ်းသိရသည်။
အသစ်ဖွဲ့စည်းထားသည့်
ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ကိုးဖွဲ့မှ မေ ၁ ရက်မှ စတင်ကာ စည်းကမ်းမဲ့ မောင်းနှင်နေသည့်
မော်တော်ယာဉ်များကို စစ်ဆေးဖမ်းဆီးခဲ့ပြီး မီးနီဖြတ်မောင်းခြင်း၊ လမ်းပိတ် ရပ်ခြင်း၊
လမ်းပြောင်းပြန်မောင်းခြင်း ယာဉ်လိုင်စင်မပါဘဲ မောင်းနှင်နေမှု အများဆုံး ပါဝင်နေကြောင်း
သိရသည်။
လမ်းပြောင်းပြန်
မောင်းနှင်သည့် စည်းကမ်းပျက် ယာဉ်မောင်းများကို မော်တော်ယာဉ် နည်းဥပဒေအရ အရေးယူသွားမည့်အပြင်
စည်ပင်ဥပဒေ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၉ အများပြည်သူလမ်းတွင် မဆင်မခြင် မောင်းနှင်မှုဖြင့်
ထပ်မံအရေးယူသွားမည်ဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး က ပြောကြား သည်။
ရန်ကုန်တိုင်းဒေသကြီး၌
စည်းကမ်းပျက်ယာဉ်များကို ထိရောက်စွာ ဖမ်းဆီးစစ်ဆေး အရေးယူနိုင်ရန် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့
ကိုးဖွဲ့ကို ဖွဲ့စည်းထားကြောင်း သိရသည်။ ထို့အပြင် ယာဉ်ကြော ကျပ်တည်းသည့် နေရာများအား
အမြန်ဆုံး လမ်းကြောင်းရှင်းလင်းပေးရန်အတွက် လမ်းကြောင်းရှင်း လင်းရေး အဖွဲ့ကို အသစ်ဖွဲ့စည်းထားပြီး
လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လမ်းပြောင်းပြန် မောင်းနှင်ပြီး
စည်းကမ်းဖောက်ဖျက်နေသည့် ယာဉ်အများစုမှာ ခရီးသည်တင် ယာဉ် များဖြစ်ကြောင်း သိရသည်။
ref;Eleven media group
No comments:
Post a Comment