အက်စတိုးနီးယား နိုင်ငံတွင် အချိန်အခါ မဟုတ် ဆီးနှင်းများ ကျဆင်း
အက်စတိုးနီးယား
နိုင်ငံတွင် တစ်နှစ်လျှင် လပေါင်းများစွာကြာ အပူချိန် သုည ဒီဂရီ
စင်တီဂရိတ်အောက် ကျရောက်လေ့ရှိပြီး ဆီးနှင်း ကျလေ့ရှိသော်လည်း ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သော
ဆီးနှင်းကျဆင်းမှုသည် ဆယ်စုနှစ် သုံးခုကျော်ကြာတွင် ပထမဆုံးအကြိမ်
အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း သိရ သည်။ ယခုရက်ပိုင်းတွင်
နိုင်ငံအတွင်း၌ အပူချိန်များ သိသိသာသာ မြင့်တက် ခဲ့ပြီး နောက်တွင် အဆိုပါ
ဆီးနှင်းကျဆင်း မှု ဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံ ပြည်သူများမှာ အခက်အခဲများနှင့်
ရင်ဆိုင်ရလျက် ရှိကြောင်း သိရသည်။ နိုင်ငံအတွင်း၌ ၁၉၈၂ ခုနှစ် ဇွန် ၁၇
ရက်ကလည်း ယခုကဲ့သို့ အလားတူ ဆီးနှင်းများ ထူထပ်စွာ ကျရောက်ခဲ့ကြောင်း
အက်စတိုးနီးယား မိုးလေဝသပညာရှင် ဟယ်ဗီမိန်းတမ်း က ပြောကြား ခဲ့ကြောင်း
သိရသည်။
No comments:
Post a Comment