အရေးပေါ် လေအိတ်ပြဿနာကြောင့် ကား(၆)သိန်းခွဲကို ပြန်လည် သိမ်းဆည်းခဲ့တဲ့ တိုယိုတာကုမ္ပဏီ
တိုယိုတာကုမ္ပဏီဟာ ပြည်ပဈေးကွက်ကို အဓိကတင်ပို့ခဲ့တဲ့ TM
မော်တော်ကားများကို အရေးပေါ်လေ အိတ်စနစ် ချို့ယွင်းမှုကြောင့်
လွန်ခဲ့တဲ့နှစ်ဧပြီလကတည်းက ပြန်လည်သိမ်းဆည်းခဲ့ပြီး ယခုအခါမှာ လည်း နောက် ထပ် ကားအစင်းရေ (၆)သိန်းခွဲခန့်ကို ထပ်မံသိမ်းဆည်းနေကြောင်း သိရသည်။
တိုယိုတာဟာ TM ကားအမျိုးအစားကားအစင်းရေ (တစ်သန်းရှစ်သိန်း)ကျော်ကို
(၂၀၁၃)ခုနှစ် ဧပြီလ မှာ ပြန်လည် သိမ်းဆည်းခဲ့ပြီး သိန်းကဏန်းဟာ
ဂျပန်ပြည်တွင်းမှာ ရောင်းချခဲ့ခြင်း ဖြစ်သည်။
ပြန်သိမ်း ခဲ့ရတဲ့ ကားတွေမှာ ကောင်းမွန်စွာပြုလုပ်မထားတဲ့ အရေးပေါ်လေအိတ်စနစ်တွေ ပါဝင်နေကြောင်း တိုယို တာ ကတာဝန်ရှိသူတွေက ပြောကြားထားသည်။ အဆိုပါလေအိတ်စနစ်ကို အခြားဂျပန် ကုမ္ပဏီ တစ်ခုဖြစ် တဲ့ တာကာဒါ ကော်ပိုရေးရှင်းက ပြုလုပ်ပေးခဲ့ပြီး အလားတူပြဿနာကြောင့် စုစုပေါင်းကားအစင်းရေ (နှစ်သန်းရှစ်သိန်း)နီးပါးကို တိုယိုတာက ပြန်လည်သိမ်းဆည်းခဲ့ပြီးဖြစ်သည်။

အမေရိကန်နိုင်ငံမှာ General Motors ကုမ္ပဏီရဲ့
ထုတ်လုပ်မှုအမှားကြောင့်ဖြစ်ပွားခဲ့ရတဲ့ ကားမတော်တဆ မှုများမှာ
လူ(၁၃)ဦးသေဆုံးခဲ့ပြီးနောက် မော်တော်ယာဉ်ပြန်လည်သိမ်းဆည်းမှုတွေကို
လူတွေကအာရုံစိုက် လာကြပါတယ်။ General Motors ကုမ္ပဏီဟာလည်း ကမ္ဘာအနှံ့မှ
ကားအစင်းရေ(၁၅)သန်းကျော်ကိုပြန် လည် သိမ်းဆည်းခဲ့ပြီးဖြစ်ပါတယ်။
No comments:
Post a Comment