Friday, June 20, 2014

ဇွန်လကုန်တွင် ပျောက်ဆုံး MH370 မလေး ရှားလေယာဉ် အား ထပ်မံရှာဖွေမည်

အိန္ဒိယသမုဒ္ဒရာကြမ်းပြင်အား ထောက်လှမ်းပြီး ပျောက်ဆုံးမလေးရှားလေယာဉ် MH370 အား ထပ်မံရှာဖွေ သွားမည့် နေရာသစ်အား ယခုလကုန်ပိုင်းတွင် တရားဝင်ထုတ်ပြန်ကြေညာပေးသွား မည်ဖြစ်ကြောင်း သြစတေးလျ အာဏာပိုင်များက ပြောကြားခဲ့သည်။ ယခင်က လေယာဉ်၏ black box မှ ထုတ်လွှင့် လိုက်သော အချက်ပြများဟု ယူဆရသည့် အသံလှိုင်းများမှ တစ်ဆင့်ထောက်လှမ်း ရှာဖွေခဲ့ကြသော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ ဂြိုလ်တုမှပေးပို့သော အချက်အလက်များနှင့် အခြားထောက်လှမ်းရရှိသော အချက် အလက်များအရ ရှာဖွေရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်မည့် နောက်ထပ်ရေအောက်ဧရိယာအား မကြာမီသတ်မှတ်နိုင်တော့မည်ဖြစ်ကြောင်း သြစတေးလျ ပူးပေါင်းဆောင်ရွက်မှု ဗဟိုဌာနက ပြောကြား ခဲ့သည်။

 

No comments:

Post a Comment

back to top