၂၀၂၀ အိုလံပစ်အားကစားပွဲတော်အကြို ဂျပန်ပြည်ဝင်ခွင့် ကန့်သတ် ချက် များလျော့ပေါ့
ဂျပန်နိုင်ငံသည် ၂၀၂၀ ခုနှစ် နွေဦးရာသီတွင်
တိုကျို၌ကျင်းပသွားရန်ရှိသည့် အိုလံပစ်အားကစား ပွဲတော် မတိုင်မီ
နိုင်ငံခြားခရီးသွားဧည့်သည်နှစ်ဆခန့် လာရောက်နိုင်ရန် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် ဗီယက် နမ်နိုင်ငံ တို့မှ
ကမ္ဘာလှည့် ခရီးသည်များအတွက် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ အား
လျော့ပေါ့ပေးခဲ့သည်။ မိုက်ခရို ချစ်ပ်ထည့်သွင်းထား သော e-passport
များကိုင်ဆောင်ထားသည့် အင်ဒိုနီးရှားနိုင်ငံသားများသည်
ဗီဇာကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း အလားတူ ဖိလစ်ပိုင်နှင့် ဗီယက်နမ်တို့မှ
ဧည့်သည်များအတွက်လည်း ဗီဇာကန့်သတ်ချက်အများအပြား လျော့ပေါ့ပေးထား သည်ဟု
ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြား ခဲ့သည်။ အစိုးရအနေဖြင့်
ကမ္ဘာလှည့်ခရီးသွားကဏ္ဍအား ယခုထက် တိုးချဲ့ကာ ကမ္ဘာ့နံပါတ် (၃) နေရာ တွင်ရှိသော
တိုင်းပြည်၏ စီးပွားရေးအားတိုးချဲ့သွားရန် မျှော်လင့်ထားသည်။
No comments:
Post a Comment