ယူကရိန်း အရေးနှင့် ပတ်သက်၍ ဗြိတိန် ဝန်ကြီးချုပ် နှင့် ရုရှား သမ္မတ တို့ ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေး
ဗြိတိန်ဝန်ကြီးချုပ်
ဒေးဗစ်ကင်မရွန်းသည် ဧပြီ ၃ဝ ရက်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ထံသို့
ဖုန်းဖြင့် ဆက်သွယ်ခဲ့ပြီး ယူကရိန်းအရေးနှင့် ပတ်သက်သည့် ဂျီနီဗာ
သဘောတူညီချက်များအား ဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်းဆင်ဟွာ
သတင်းတစ်ရပ် အရသိရသည်။ မေ ၂၅ ရက်တွင် ကျင်းပမည့် ယူကရိန်း သမ္မတ ရွေးကောက်ပွဲနှင့်
ပတ်သက်သည့် တင်းမာမှုများ လျှော့ချရေးအတွက် အရေးကြီး သောအချက်များ ကို
ရှာဖွေသွားကြရန် လိုအပ်ကြောင်းနှင့် ဂျီနီဗာ သဘောတူညီချက် လုပ်ငန်းစဉ်များသည်
ယူကရိန်းနိုင်ငံ၏ လွတ်လပ်ပြီး တရားမျှတသည့် ဒီမိုကရေစီ ရွေးကောက်ပွဲတစ်ရပ်ကို
ကျင်းပနိုင်လိမ့်မည် ဖြစ်ကြောင်း ကင်မရွန်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ
အစိုးရအနေဖြင့် ယူကရိန်းနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော တင်းမာမှုများအား
လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေရေးအတွက် ဆက်လက်၍ ပိုမိုနီးကပ်စွာ
လုပ်ဆောင်သွားကြရန်နှင့် ယူကရိန်းနိုင်ငံ၏ တည်ငြိမ်ရေးအတွက် အကူအညီပေးရန်
ကင်မရွန်း နှင့် ပူတင်တို့ သဘောတူညီခဲ့ကြသည်။ ယူကရိန်းနိုင်ငံ အတွင်း
မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာပါက ရုရှားနိုင်ငံအနေဖြင့် G-7 နှင့်
ဥရောပ သမဂ္ဂတို့၏ အရေးယူ ပိတ်ဆို့မှုများကို ပိုမို ကြုံတွေ့ရလိမ့်မည် ဖြစ်ကြောင်း
ကင်မရွန်းက သတိပေး ပြောကြားခဲ့သည်ဟု သိရ သည်။
No comments:
Post a Comment