Friday, May 2, 2014


ဥရောပ နိုင်ငံများသို့ ဇွန်လ အတွင်း အိုဘားမား သွားရောက် လည်ပတ်မည်
အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ဥရောပနိုင်ငံများသို့ အလည်အပတ် ခရီးစဉ် တစ်စိတ် တစ်ပိုင်း အဖြစ် ပိုလန်နိုင်ငံသို့ ဇွန်လတွင် အလည်အပတ် သွားရောက်မည်ဖြစ်ပြီး  ၎င်း၏ ခရီးစဉ်သည်  ပြင်သစ်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့၌ ပြီးဆုံးမည်ဖြစ်ကြောင်းဒုတိယသမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားခဲ့သည် ဟု ဆင်ဟွာ သတင်းတစ်ရပ်အရ သိရသည်။
ပိုလန်နိုင်ငံသို့ အိုဘားမား၏ ခရီးစဉ်သည်  အမေရိကန်နိုင်ငံ အနေ ဖြင့် ယူကရိန်းနိုင်ငံတွင် အရှိန်မြင့်တက် လာသော ပဋိပက္ခများနှင့် ပတ်သက်၍ ၎င်း၏ မဟာမိတ်များ စိုးရိမ်ပူ ပန်မှုများကို နှစ်သိမ့်ရန် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်း၏ခရီးစဉ်အတွင်း အိုဘားမားသည် ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီ ကမ်းတက်တိုက်ပွဲ စတင်တိုက် ခိုက်သည့်နေ့ (D-Day) ၏ အကြိမ် ၇ဝ မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ပြင်သစ်နိုင်ငံသို့ လည်းကောင်း၊ ယူကရိန်းနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက်  ဘယ်လ်ဂျီယံနိုင်ငံတွင် ကျင်းပ မည့်  G-7 ထိပ်သီး ဆွေးနွေးပွဲသို့လည်းကောင်း သွားရောက်မည်ဖြစ်သည်။ ရုရှားနိုင်ငံ၏ ယူကရိန်းနိုင်ငံ အား ကျူးကျော်မှု၊ အထူးသဖြင့် ခရိုင်းမီးယားဒေသအား ကျူးကျော်သိမ်းပိုက်မှုဖြင့် G-8 အဖွဲ့တွင် ရုရှားနိုင်ငံ၏ ပါ ဝင်မှုကို  အနောက်အုပ်စု နိုင်ငံများက ထုတ်ပယ်လိုက်ပြီး ရုရှားနိုင်ငံ ဆိုချီပင်လယ်နက် အပန်းဖြေစခန်း မြို့ တွင် ပြုလုပ်ရန် စီစဉ်ထားသည့်  - G-8 ဆွေးနွေးပွဲကို ပယ်ဖျက်၍ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌  G-7  ဆွေးနွေးပွဲကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် မတ်လ နှောင်းပိုင်းတွင် ဥရောပနိုင်ငံများသို့ အလည်အပတ် ခရီးသွားရောက်ခဲ့ပြီး စက်တင်ဘာလတွင်  ဗြိတိန်၌ ပြုလုပ်မည့် NATO ဆွေးနွေးပွဲသို့ တက် ရောက်ရန် ပြန်လည် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top