ပြင်သစ် ဖရီးဂိတ် စစ်သင်္ဘောအား ဖိလစ်ပိုင် ရေတပ် လေ့လာမှု ပြုလုပ်
တောင်တရုတ်
ပင်လယ်၌ အငြင်းပွားမှုများ ရှိနေသည့် အချိန်တွင် ဖိလစ်ပိုင် အစိုးရအနေဖြင့်
ရေတပ်တွင် အသုံးပြုရန်အတွက် ပြင်သစ်နိုင်ငံမှ ဖရီးဂိတ် စစ်ရေယာဉ်အား
လေ့လာလျက်ရှိကြောင်း သိရသည်။ဖိလစ်
ပိုင်နိုင်ငံသို့ အလည်အပတ်ရောက် ရှိနေသည့် ပြင်သစ် ဖရီးဂိတ်
စစ်ရေယာဉ်ပေါ်သို့ ဖိလစ်ပိုင် အရာရှိများ က ဧပြီ ၃ဝ ရက်တွင် အလည်အပတ်
သွားရောက်ခဲ့သည်။ အဆိုပါ သင်္ဘောသည် ပင်လယ်ဓားပြမှု တိုက်ဖျက် ရေး၊ မူးယစ်ဆေးဝါး
သယ်ယူပို့ဆောင်မှု တိုက်ဖျက်ရေးနှင့် ကင်းလှည့်ခြင်းလုပ်ငန်းများ၊ သဘာဝ ဘေး အန္တရာယ်
ကယ်ဆယ်ရေးနှင့် အခြားသော လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ လုပ်ငန်းများ အပါအဝင်
လုပ်ငန်းများစွာကို ဆောင်ရွက်နိုင်သော ၉၃ ဒသမ ၅ မီတာရှည် လျားသည့် စစ်ဘက်နှင့်
အရပ်ဘက်သုံး Prairial အမျိုးအစား စောင့်ကြည့်ထောက်လှမ်းရေး ဖရီးဂိတ်
စစ်သင်္ဘောဖြစ် သည်။
ပြင်သစ်
ရေတပ်အနေဖြင့် ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ Tahiti နှင့် New Caledonia တို့၌
Prairial အမျိုး အစား ဖရီးဂိတ် နှစ်စင်းအား တပ်ဖြန့်ထားရှိသည်။ အဆိုပါ
စစ်သင်္ဘောတွင် ၂ဝ မီလီမီတာ စက်သေနတ် နှင့် ၁ဝဝ မီလီမီတာ အမြောက်များ၊ ရေပြင်မှ
ဝေဟင်ပစ် ဒုံးကျည်များ တပ်ဆင်ထားပြီး သယ် ယူပို့ဆောင်ရေး ရေယာဉ်တစ်စင်း၊ လှေသုံးစီး
နှင့် Alouette III အမျိုးအစား ရဟတ်ယာဉ် တစ်စင်းတို့အား သယ်ဆောင်နိုင်
စွမ်းရှိသည်။ အလည်အပတ် ရောက်ရှိနေသော ဖရီးဂိတ် စစ်သင်္ဘော သည် ဟောင်ကောင်သို့
မထွက်ခွာမီ ဖိလစ်ပိုင်ရေတပ်နှင့် ပြင်သစ်ရေတပ်တို့သည် မေ ၂ ရက်တွင် မနီလာကမ်းလွန်၌
ပူးတွဲစစ် ရေးလေ့ကျင့်ခန်း တစ်ရပ်အား ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ
ဖရီးဂိတ် စစ်သင်္ဘော Tahiti သို့မပြန်မီ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား
နိုင်ငံများသို့ သွားရောက် လည်ပတ် မည် ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment