Friday, May 2, 2014

အနာဂတ်အတွက် စိတ်မချ ဖြစ်နေသည့် ရွန်းနီ






မန်ယူအသင်း တိုက်စစ်မှူး ရွန်းနီသည် ၎င်းအနေဖြင့် လာမည့်ရာသီတွင် နည်းပြသစ်အဖြစ် အသင်းသို့ ဟော်လန်အသင်း နည်းပြလူးဝစ်ဗန်ဟားလ် ရောက်ရှိလာသည့်အခါတွင် အသင်းတွင် နေရာပျောက်မည်ကို စိုးရိမ်နေသည်။ အဆိုပါ နည်းပြသည် မန်ယူအသင်းအပြင် ဟော်လန်အသင်း တိုက်စစ်မှူး ဗန်ပါစီနှင့် ရင်းနှီးသူ ဖြစ်နေသောကြောင့် ရွန်းနီသည် ၎င်းအနေဖြင့် အနာဂတ်အတွက် ယခုလို စိတ်ပူနေခြင်း ဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် ယခင်နည်းပြ ဖာဂူဆန် နောက်ဆုံး ကိုင်တွယ်ခဲ့သည့် ယမန်နှစ်ရာသီတွင် နည်းပြဖာဂူဆန်က တိုက်စစ်မှူး ဗန်ပါစီကို အသားပေးသုံးခဲ့သည့် ဖြစ်ရပ်ကြောင့် အသင်းမှာ ရွန်းနီအနေဖြင့် နေရာပျောက်ခဲ့ရပြီး အသင်းမှ ထွက်ခွာလုနီးပါးအထိ ဖြစ်လာခဲ့သည်။ ယခုတွင်လည်း ဗန်ပါစီနှင့် ရင်းနှီးသည့် နည်းပြ လူးဝစ်ဗန်ဟားလ် ရောက်ရှိလာသည့် အခါတွင် အသင်းမှာ နေရာမရ ဖြစ်မည်ကို ရွန်းနီက စိုးရိမ်နေသည်။ ယခုရာသီ နည်းပြအဖြစ် ကိုင်တွယ်ခဲ့သည့် မိုယက်စ်လက်ထက်မှာ ရွန်းနီသည် ၎င်းအနေဖြင့် အသင်းတွင် အဓိက ကစားသမားအဖြစ်သို့ ပြန်လည် ရောက်ရှိလာပြီး လာမည့်ရာသီ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရရန်အတွက် ထင်ကြေးပေး ခံထားရသည်အထိ ဖြစ်လာခဲ့သည်။ ယခုရာသီ ချန်ပီယံလိဂ် ဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည့် ရီးရဲလ်အသင်းကို တာဝန်ယူ ကိုင်တွယ်နေသည့် နည်းပြအန်ဆလော့တီက မန်ယူ အသင်းနည်းပြရာထူးကို ငြင်းဆိုထားသောကြောင့် ယင်းနေရာအတွက် ဟော်လန်အသင်းနည်းပြ လူးဝစ်ဗန်ဟားလ် တစ်ဦးတည်းသာ ရောက်လာရန် ပိုမိုရေပန်းစားပြီး သဘောတူညီမှုပင် ရရှိခဲ့သည်။ နည်းပြ လူးဝစ်ဗန်ဟားလ်သည် မန်ယူအသင်းမှ တိုက်စစ်မှူး ဗန်ပါစီအကြောင်းကို ကောင်းစွာ သိရှိသူဖြစ်ပြီး လာမည့် ကမ္ဘာ့ဖလားအပြီးတွင် မန်ယူအသင်းကို နည်းပြအဖြစ် ကိုင်တွယ်သွားမည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

No comments:

Post a Comment

back to top