Friday, May 2, 2014

မက်ဆီ၏ ချန်ပီယံလိဂ် တစ်ရာသီ သွင်းဂိုးအများဆုံး စံချိန်ကို စီရိုနယ်ဒို ချိုးဖျက်







ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒိုသည် ဘာစီလိုနာအသင်းမှ တိုက်စစ်မှူး မက်ဆီ၏ ချန်ပီယံလိဂ် တစ်ရာသီ သွင်းဂိုး အများဆုံးစံချိန်ကို ချိုးဖျက်ကာ တစ်ရာသီအတွင်း သွင်းဂိုး ၁၆ ဂိုးအထိ သွင်းယူကာ ချန်ပီယံလိဂ် တစ်ရာသီ သွင်းဂိုးအများဆုံး စံချိန်သစ်ကို တင်ထားနိုင်ခဲ့သည်။ အဆိုပါ တိုက်စစ်မှူးသည် ဘိုင်ယန်အသင်းကို ၄းဝ ဖြင့် အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူထားနိုင်ခဲ့သူ ဖြစ်သည်။ ရီးရဲလ်အသင်း တိုက်စစ်မှူး စီရိုနယ်ဒိုသည် အသင်းအတွက် ၂၀၀၉ ခုနှစ်မှစ၍ ယခုအချိန်အထိ ၂၄၃ ပွဲ ကစားကာ ဂိုးပေါင်း ၂၅၀ သွင်းယူထားနိုင်ခဲ့သူ ဖြစ်သည်။ ဘိုင်ယန်အသင်းကို ၄းဝ ဖြင့် အနိုင်ရခဲ့သည့် ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူထားနိုင်ခဲ့သူ စီရိုနယ်ဒိုသည် ကလပ်အသင်းအတွက် ချန်ပီယံလိဂ်သမိုင်း တစ်လျှောက်တွင် ဂိုး ၅၀နှင့်အထက် သွင်းယူထားနိုင်သည့် တတိယမြောက် ကစားသမား ဖြစ်လာခဲ့သည်။ ရီးရဲလ်တိုက်စစ်မှူး စီရိုနယ်ဒို အပြင် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက်တွင် ဂိုး ၅၀ နှင့်အထက် သွင်းယူထားနိုင်သည့် အခြားသော ကစားသမားများအဖြစ် ရီးရဲလ်တိုက်စစ်မှူးဟောင်း ရာအူးလ်က ၆၆ ဂိုးနှင့် ဘာစီလိုနာ အသင်းမှ မက်ဆီက ၆၇ ဂိုးဖြင့် ရပ်တည်နေသည်။

No comments:

Post a Comment

back to top