EITI တွင် မြန်မာနိုင်ငံမှ ထည့်သွင်း ဖော်ပြရမည့် ကဏ္ဍအတွက် ကမ္ဘာ့ဘဏ်နှင့် ဗြိတိန် အဖွဲ့အစည်း မေလ အတွင်း လာရောက် လေ့ လာမည်
မြန်မာနိုင်ငံ၏
တွင်းထွက်သယံဇာတ ပွင့်လင်းမြင်သာမှု ဆိုင်ရာတွင် မြန်မာနိုင်ငံမှ
ထည့်သွင်း ရမည့် ကဏ္ဍကို ကနဦးလေ့လာ ဆန်းစစ်ချက် ပြုလုပ်ရန်အတွက်
ကမ္ဘာ့ဘဏ်နှင့် ဗြိတိန် အခြေစိုက် Aden Smit International အဖွဲ့အစည်းတို့
မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက် လေ့လာမည် ဖြစ်ကြောင်း မြန်မာ EITI
ညှိနှိုင်း ဖော်ဆောင်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ သဘာဝသယံဇာတ ပွင့်လင်းမြင်သာမှု
ဆိုင်ရာ EITI (သဘာဝ သယံဇာတ တူးဖော် ထုတ်လုပ် ရာတွင် ပွင့်လင်းမြင်သာမှု)
အဖွဲ့ဝင်လောင်းနိုင်ငံ ဖြစ်လာစေရန် မည်သည့် ကဏ္ဍ၌ ထည့်သွင်း ရမည်ကို
ဆန်းစစ်ရန်အတွက် ပညာရှင်များက လာရောက် လေ့လာကြမည် ဖြစ်ကြောင်း၊ အထက်ပါ
အဖွဲ့အစည်း တွင် ပညာရှင်ငါးဦး ပါဝင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ အတွင်းရှိ
ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း၊ သတ္တု လုပ်ငန်း၊ သစ်တော လုပ်ငန်းနှင့်
ရေအား လျှပ်စစ်လုပ်ငန်း စသည်တို့ကို လေ့လာမည် ဖြစ်ကြောင်း သိရ သည်။
ယင်းကဲ့သို့ ကနဦးလေ့လာ ဆန်းစစ်ခြင်းကို
နိုင်ငံတကာတွင် ပြုလုပ်လေ့ရှိပြီး ယင်းအတွက် ကုန်ကျ စရိတ်ကို ကမ္ဘာ့ဘဏ်နှင့်
ဗြိတိန်ဖွံ့ဖြိုးရေး အေဂျင်စီတို့မှ တာဝန်ယူမည် ဖြစ်ကြောင်း၊
လုပ်ငန်းများနှင့် ပတ်သက်သော ဥပဒေများ မည်ကဲ့သို့ ထားရှိသည်ကို လေ့လာ၍
အစီရင်ခံစာ တင်မည်ဖြစ်ကြောင်းနှင့် ထွက်ရှိလာသော အစီရင်ခံစာကို EITI
သုံးပွင့်ဆိုင် ညွန့်ပေါင်းအဖွဲ့သို့ တင်ပြပြီး မည်သည့် ကဏ္ဍတွင်
ထည့်သွင်းရမည်ကို ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment