Miss India 2014 အလှမယ် အဖြစ် နယူးဒေလီမြို့မှ ကိုရယ်လ်ရာနာ ရွေးချယ်ခံရ
အိန္ဒိယနိုင်ငံ
မွမ်ဘိုင်းမြို့ရှိ Yash Raj စတူဒီယို၌ ဧပြီ ၅ ရက် ညပိုင်းက ကျင်းပခဲ့သော
Femina Miss India World 2014 အလှမယ် ရွေးချယ်ပွဲတွင Miss India 2014 ဆုကို
နယူးဒေလီမြို့မှ ကိုရယ်လ်ရာနာက ပြိုင်ဘက် ၂၄ ဦးကို ကျော်ဖြတ်၍ ရွေးချယ်
ခံခဲ့ရကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် မွမ်ဘိုင်းမြို့မှ
ဂျာတာလီကာမယ်လ်ဟိုထရာက First runner- up ဆုကို လည်းကောင်း၊ ဂိုအာပြည်နယ်
မာဂါအိုမြို့ မှ ဂေးလ်နီကိုးလ်ဒါဆီးလ်ဗားက Second runner- up ဆုကို
လည်းကောင်း အသီးသီး ရရှိခဲ့သည်။ ထို့ပြင် ယင်းပြိုင်ပွဲတွင်
လွန်ခဲ့သောနှစ်က အလှမယ်ဆုကို ရရှိခဲ့သော နက်ဗ်နိကာအူဒီလီယွန်နှင့် Miss
World 2013 ဆုရှင် မီဂန်ယန်းက ရာနာအား အလှသရဖူ ဆောင်းပေးခဲ့ကြောင်းနှင့်
ရာနာသည် ယခုနှစ်တွင် ကျင်းပမည့် Miss World International အလှမယ်
ပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံ ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်သွားမည်
ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment