လူငယ် ဒိုင်လူကြီးများကို အကယ်ဒမီ ပို့သင့်ဟု ဆမ်အလာဒိုက်စ်ဆို

April 7, 2014
ဝက်စ်ဟမ်းအသင်း နည်းပြ ဆမ်အလာဒိုက်စ်က လူငယ်ဒိုင်လူကြီးများ
အတွက် အကယ်ဒမီကျောင်း လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ၀က်စ်ဟမ်း
အသင်းသည် လီဗာပူးအသင်းကို အိမ်ကွင်းတွင် နှစ်ဂိုး-တစ်ဂိုးဖြင့်
ရှုံးနိမ့်ခဲ့သော ပွဲစဉ်အပြီးတွင် နည်းပြဆမ်အလာဒိုက်စ်က ဒိုင်လူကြီးများ၏
စွမ်းဆောင်ရည်အပေါ် ညည်းညူ ပြောဆိုခဲ့သည်။ “ လူငယ် ဒိုင်လူကြီးတွေကို
ကွင်းထဲကနေ ထုတ်ပြီး အကယ်ဒမီကို ပို့သင့်ပါတယ်။ ကျွန်တော်တို့မှာ
အရည်အသွေးပြည့် ဒိုင်လူကြီးတွေ လုံလုံလောက်လောက် မရှိပါဘူး။ သူတို့က
အစွမ်းကုန် ကြိုးစားပေမယ့် အဲဒါနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ လုပ်ရမှာပါ။
တစ်ခုခုတော့လုပ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ ပြောနေတာ ခြောက်နှစ်၊
ခုနစ်နှစ်လောက် ကြာပါပြီ။ ကျွန်တော်တို့ ပြောတာကို တစ်နေ့နေ့တော့
သတိပြုမိမယ်လို့ မျှော်လင့်ရပါတယ်။ ဒိုင်လူကြီးတွေကို အသစ်ခေါ်ယူမှုနဲ့
သူတို့ရဲ့ တိုးတက်မှု၊ ပြီးတော့ သူတို့ရဲ့ အသိုင်းအ၀ိုင်းအကြောင်း
ပြောနေတာပါ။ ကျွန်တော်တို့ရဲ့ နောက်တစ်ဆင့်က လက်ထောက် ဒိုင်လူကြီးတွေ
ဖြစ်သင့်ပါတယ်။ အဲဒါက ဆက်ဆံရေးကို တိုးတက် ကောင်းမွန်စေမှာပါ ” ဟု နည်းပြ
ဆမ်အလာဒိုက်စ်က ပြောကြားခဲ့သည်။
No comments:
Post a Comment